အင်္ဂပူ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌စစ်ဆေးဆောင် ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် အင်္ဂပူမြို့နယ်အတွင်းယာဉ်အန္တရာယ်ကင်းဝေးစေရန်၊ ယာဉ်တိုက်မှုလျှော့ နည်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုး နှင့်အဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီး စီးရန်၊ လူသုံးယောက်တင်၍မစီးရန်၊ မော်တော်ယာဉ်များတွင်ပါရှိရမည့် အချက်များ၊ ဘက်မှန်၊ နံပါတ်ပြားနှင့် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်များ အသုံးပြုရန် စည်းကမ်း လိုက်နာကြရန်နှင့် ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/ မရှိစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ယာဉ်စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်နှင့်ယာဉ်ပိုင်ရှင်များအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)