Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မချမ်းဘော့၌ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Oct 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဒုလယ်ပြ ဆရာမသည် အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီအချိန်တွင် နေမကောင်းပါသဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးခန်းပြသရာ ကျန်းမာရေးဆရာမမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့၌ လ.ဝ.ကမြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ကြော်ညာဗီနိုင်းပိုစတာများဖြန့်ဝေ
Oct 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ ပြည်သူများသို့အသိပေးထုတ်ပြန်ချက်များအား သိရှိနိုင်ရန် ကြော်ညာဗီနိုင်းပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကို ယမန်နေ့ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်၊ အထွက်ဂိတ်များတွင် စဉ်ဆက် မပြတ် ကြပ်မတ်စစ်ဆေးအရေးယူ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ (ပိန္နဲကုန်းဂိတ်) မြို့အဝင်၊ အထွက် စစ်ဆေးဂိတ်တွင် အရေးယူဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံး မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်မှုမရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ…
Oct 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေပြည်သူများ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းကပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ်
Oct 04,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံ၍ စီမံကိန်းဝင်နေကြာသီးနှံနှင့် အခြားပဲမျိုးစုံအား လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးရေးအပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေး
Oct 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစအသက် (၄၅)ရက်မှ အသက်(၁၈)လအရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို အောက်တိုဘာ ၃ ရက်နေ့ကစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် အရန်မီးသတ်(မွမ်းမံ) သင်တန်းအမှတ်စဉ်(၂/၂၂)ဖွင့်ပွဲကျင်းပ
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အရန်မီးသတ်(မွမ်းမံ) သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် မီးသတ်စခန်း အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား သိရှိလိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် စတုတ္ထအကြိမ်မြောက် Mask Campaign ပြုလ…
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၌ ယနေ့နံနက် (၈)နာရီခွဲအချိန် က ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်း ဦးခေါင်းဆောင်သော အဖွဲ့များနှင့် ဈေးတာဝန်ခံဥက္ကဋ္ဌ ဒေါ်သိင်္ဂီနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15690
Page
15691
Page
15692
Page
15693
Current page
15694
Page
15695
Page
15696
Page
15697
Page
15698
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department