ဂွ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ပြည်သူများ ဝယ်ယူနေသည့် အလှကုန်ပစ္စည်းများကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေး ဆွေးနွေးပေးစေလိုကြောင်း ဖိတ်ခေါ်ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဒေါ်မာမာလေးက စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမည်ဆိုလျှင် လိုက်နာရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရာတွင် လိုက်နာရမည့်အချက်များနှင့် ပြည်သူများအနေဖြင့် အဆိုပါအချက်များကို သိရှိပြီး ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါမှ စိတ်ချယုံကြည်စွာ သုံးစွဲသင့်ကြောင်းနှင့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများကို ပြည်သူများသိရှိစေရေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းကို စားသုံးသူရေးရာနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်လင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော် (ပြန်/ ဆက်)