ဝါးခယ်မ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့မဈေးအတွင်း၊ အပြင်ရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များနှင့် မုန့်မျိုးစုံဆိုင်အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးဦးဆောင်၍ မြို့နယ်စည်ပင်သာယာများအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့မဈေးအတွင်း၊ အပြင်ရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များတွင် ဖော်မလင်ပါဝင်သောပဲပြား၊ ဘဲသွေးများရောင်းချခြင်း ရှိ၊ မရှိနှင့် မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအာဟာရ ဖြည့်စွက်စာများ၌ မိခင်နို့အစားထိုးအသုံးပြုနိုင်ကြောင်း ဖော်ပြချက်ပါရှိခြင်း ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)