မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများအတွက် အသား၊ ငါး ၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

မြစ်ကြီးနား    အောက်တိုဘာ      ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက် ကုန်များ ဝယ်ယူရရှိရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး အတွက် ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၃ ရက်  နံနက်ပိုင်းက မြစ်ကြီးနားမြို့ အား/ကာတိုက်တန်းလမ်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်မိသားစုများမှ လာရောက်ရောင်းချပေးလျက်ရှိသည်။

ထို့သို့ မြစ်ကြီးနားတပ်နယ် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မိသားစုများမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်မှ တပ်ရင်းတပ်ဖွဲ့မိသားစုများ၏ တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်သဖြင့် မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည် သူများက လာရောက်ဝယ်ယူအားပေးခဲ့ကြောင်းသိရှိရသည်။

ပြည်နယ်ပြန်/ဆက်