Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲအထက်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၁၁)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Oct 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချပေး
Oct 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်း ဒေသကြီး ဒေသကော်မတီ(၅) မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စျေးနှုန်းသက်သာ စွာဖြင့် လူတစ်ဦးလျှင် အချွန်ဆန်(၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေး အတွက် အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်း တွင်အချွန်ဆန် တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ယနေ့ နံနက် (၈)နာရီ အချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေး နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
Oct 07,2022
ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေးအတွက် နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တန့်ယန်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက် စျေးအနီး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာဒုတ်ဆွမ်းအလှူပွဲများကျင်းပ
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များကို မဟာဒုတ်ဆွမ်းအလှူရှင်များကပင့်ဖိတ်ကာ မဟာဒုတ်ဆွမ်းအလှူပွဲများကို အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World Teachers Day) အထိမ်း အမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့၊ အထက -၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်ပြောကြား
Oct 07,2022
ပြည်နယ်အတွင်းရှိ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ ်ဦးစောမြင့်ဦးက အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15633
Page
15634
Page
15635
Page
15636
Current page
15637
Page
15638
Page
15639
Page
15640
Page
15641
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department