ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ကလေး အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသောအလုပ်အမျိုးအစားများ၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ လုပ်ဆောင်နေကြရသည့် လုပ်ငန်းအမျိုးအစားများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးရေးအတွက် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ပြည်သူများ သိရှိနိနိုင်စေရန် လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Online အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)