ဖျာပုံ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်း ဒေသကြီး ဒေသကော်မတီ(၅) မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စျေးနှုန်းသက်သာ စွာဖြင့် လူတစ်ဦးလျှင် အချွန်ဆန်(၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်း တွင်အချွန်ဆန် တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ယနေ့ နံနက် (၈)နာရီအချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အချွန်ဆန်တစ်ပြည် (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးရာတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များမှ တာဝန်ရှိသူများ သည် ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် နေ့စဉ်လူတစ်ဦးလျှင် အချွန်ဆန်(၃)ပြည် နှုန်း ဝယ်ယူနိုင်ရေး စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)