Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၉)လုံး အမိုးလန်ပျက်စီး
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ လိပ္ပုတ်ကုန်းကျေးရွာ၊ ကျီးသဲကျေးရွာ၊ မြောက်ပိန်းအင်းကျေးရွာ၊ တောင်ပိန်းအင်းကျေးရွာ၊ တောင်ငူကုန်းကျေးရွာ တို့တွင် ယမန့်နေ့ညနေ ၆ နာရီခန့်က မိုးသည်း ထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ( ၂၉)လုံးအမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် တက်ရောက်
Oct 07,2022
မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နေ့ နံနက် (၉) နာရီက မော်လမြိုင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား
Oct 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အမှတ်(၃)ရပ်ကွက်၊ ရာစု(၅) ရွှေစင်လမ်းရှိ လူနေအိမ်တစ်ခုတွင် ယနေ့နေ့လည် ၁၀ နာရီ ၄၀ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်၌ လျှပ်စစ်မီတာပုံး ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ချမ်းမြသာစည်ရပ်ကွက်၊ မင်းလမ်း(ရန်ကုန် -မော်လမြိုင်)ကားလမ်းမကြီးဘေးရှိ ယူနိုက်တက်ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်တွင် ယနေ့နံနက် ၇နာရီအချိန်ခန့်က လျှပ်စစ်မီတာပုံးရှော့ဖြစ်ကာ အပူလွန်ကဲရာမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံ ရှေးဦးပြုစုခြင်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းတွင် ဆုရရှိသူများအား ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 07,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်း အမှတ်စဉ် ( ၅/၂၀၂၂ ) သင်တန်း၌ ဆုရရှိခဲ့သော သင်တန်းသူများကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ မွေးစမှ အသက်(၁)နှစ်ခွဲအတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုး၊ ဆေးတိုက်ခြင်းဆောင်ရွက်ပေး
Oct 07,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မွေးစမှအသက်(၁)နှစ်ခွဲအရွယ် ကလေး များအတွက် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ပညာရေးစစ်ကြောင်းမှ မြိုင်သာယာ အထက်တန်းကျောင်း၊ ရဲတပ်ရင်း အထက်တန်းကျောင်း(ခွဲ)၊ အနောက်ပိုင်းရပ်ကွက် အ.မ.က(မူလွန်) ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံပ…
Oct 07,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15630
Page
15631
Page
15632
Page
15633
Current page
15634
Page
15635
Page
15636
Page
15637
Page
15638
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department