အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ က‌လောခရိုင်၊ က‌လောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် မဲရုံအသီးသီး၌ ယမန်နေ့နေ့နံနက်(၆)နာရီက စတင်ကျင်းပခဲ့သည်။
Jan 12,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ်၊ ယမန်နေ့တွင် ပြုလုပ်‌သောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တည်ငြိမ်‌အေးချမ်းစွာ ကျင်းပပြီးစီး၍ ညနေ ၄ နာရီချိန်တွင် ဆန္ဒမဲများ စတင်ရေတွက်နေလျက်ရှိကြောင်း သိရသည်။
Jan 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ယမန်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ မဲပေးမှုပြီးဆုံးကာ ညနေ ၄ နာရီတွင် မဲရုံများ စတင်ပိတ်သိမ်းလျက်ရှိ‌ကြောင်း သိရသည်။
Jan 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၀ ရက်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊  သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော လေးခန်းတွဲ၊ လေးထပ်အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
Jan 12,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့၌  ယမန်နေ့က မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
Jan 12,2026
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ ယမန်နေ့ နံနက် (၆) နာရီမှစတင် ကျင်းပလျက်ရှိရာ  ရှမ်းပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့်  ရပ်စောက်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Jan 12,2026
ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် တောင်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်စောက်မြို့နယ် စီမံခံ့ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မနက်ပိုင်းက ရပ်စောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။