ကလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး

ကလော ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ က‌လောခရိုင်၊ က‌လောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် မဲရုံအသီးသီး၌ ယမန်နေ့နေ့နံနက်(၆)နာရီက စတင်ကျင်းပခဲ့သည်။

ထိုသို့ကျင်းပလျက်ရှိရာတွင် ယနေ့နံနက်(၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ရာ ကလောမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံအသီးသီး၌ ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာဆန္ဒပြုရွေးချယ် မဲပေးလျက်ရှိသည်။

ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင် ရပ်ကွက် ၂၈ ခု ကျေးရွာအုပ်စု ၂၆ အုပ် စု စုစုပေါင်း ၅၄ အုပ်စုတို့တွင် မဲရုံ စုစုပေါင်း ၁၃၄ ရုံ ရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၁၃၈၇၆၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)