မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပပြီးစီး၍ ဆန္ဒမဲများ စတင်ရေတွက်

မင်းလှ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ်၊ ယမန်နေ့တွင် ပြုလုပ်‌သောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တည်ငြိမ်‌အေးချမ်းစွာ ကျင်းပပြီးစီး၍ ညနေ ၄ နာရီချိန်တွင် ဆန္ဒမဲများ စတင်ရေတွက်နေလျက်ရှိကြောင်း သိရသည်။

မဲရုံများတွင် မဲရုံမှူးက ညနေ ၄ နာရီတိတိချိန်တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာခဲ့ပြီး၊ မဲရုံကိုယ်စားလှယ်အဖွဲ့များရှေ့တွင် ကြိုတင်မဲပုံးလုံခြုံရေးကြိုးများ ဖြတ်တောက်ကာ ဆန္ဒမဲများကို ရေတွက်ခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား လုံခြုံရေးကြိုးများ ဖြတ်တောက်ကာ ဆန္ဒမဲများကို ရေတွက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက မဲရုံမှူးများ လာရောက်ပေးပို့သည့် ပြည်/မျိုး/တိုင်း/တိုင်းရင်းသား ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းများကို စိစစ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)