Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဇွန်တောင်မြို့နယ်တွင် "မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ" အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မနက် ၁၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ဥယျာဉ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း သာသနာ့ဓဇကျောင်းဆာင် ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်ရှိ ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းရှိ ဈေးများနှင့်ပုဇွန်တောင်စျေးတို့တွင် ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာရွှေဘော်၊ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦးတို့ ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ယနေ့ နံနက် (၉) နာရီအချိန်က လှော်ကားရေလှောင်ကန်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်းဆုံမီးပွိုင့်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင် လှည့်ရှင်းဆောင်ရွက်
Oct 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Oct 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်က ကွမ်းလုံ-ချင်းရွှေဟော်ပြည်ထောင်စုလမ်းမပေါ်နှင့် ကွမ်းလုံမြို့မဈေးအတွင်းတွင် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခု (၁၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် ရေချိုသယံဇာတကဏ္ဍ၏ အရေးပါပုံအသိပညာပေး Talk Show ကျင်းပ
Oct 13,2022
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို အောက်တိုဘာ(၁၃)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15564
Page
15565
Page
15566
Page
15567
Current page
15568
Page
15569
Page
15570
Page
15571
Page
15572
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department