အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၈/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
Oct 13,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဘက်စုံပြန်လည်အဆင့်မြှင့်တင်မည့် သမိုင်းဝင်ရှေးဟောင်းပြတိုက်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
Oct 13,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းအချိန်ကစတင်၍ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Oct 13,2022
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်အဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
Oct 13,2022
“ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျှင်ဆောင်ရွက် အားလုံးအတွက်” ဆောင်ပုဒ်ဖြင့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Oct 13,2022
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့မီးရထား(တောင်ငူဘူတာ)၌ မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်စာပို့ရထားပေါ်ရှိ ခရီးသွားပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား(တောင်ငူ) ရုံပိုင်ကြီးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန်၊ ကျန်းမာသန်စွမ်းစေရန်၊ လိုအပ်သောအာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် (၉၃)ဒေသန္တရ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။