ပုဇွန်တောင် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းရှိ ဈေးများနှင့်ပုဇွန်တောင်စျေးတို့တွင် ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများက လူစည်ကားရာနေရာများ ဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းရှိ ဈေးများနှင့် ပုဇွန်တောင်ဈေးတို့တွင် ဈေးသည်များနှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွား နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Mask နှင့် Face shie အကာများကို တပ်ဆင်ရန်၊ စျေးဝယ်သူများ အနေဖြင့်လည်း စျေးသို့မလာမှီကပင် မိမိဝယ်ယူမည့် ပစ္စည်းအမျိုးအမည်နှင့်အရေအတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့် ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ်ကြီးသူများ ရောဂါအခံတစ်မျိုးမျိုးရှိသူများအနေဖြင့် စျေးရောင်းခြင်း စျေးဝယ်ခြင်းများ မပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲ ဖြစ်နိုင်ပါက ၂ ရက်တစ်ခါ ၃ ရက်တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများအကြား ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
ဟန်စုယဉ်