အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
Oct 13,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိန်းဥစိုက်ပျိုး ရိတ်သိမ်းချိန်ရာသီ၌ ပိန်းဥများယခင်နှစ်ထက် စျေးကောင်းပိုရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Oct 13,2022
ကိုဗစ်-၁၉ရောဂါအိုမီခရွန်မျိုးကွဲ B4 B5 ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါဖြစ်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များအား စနစ်တကျတပ်ဆင်အသုံးပြုနိုင်စေရေးအတွက် အသိပညာပေး ခြင်းနှင့် Mask Campaign  ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအောက်တိုဘာလ ၁၃ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိ ပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Oct 13,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝါစိုက်ခင်းများတွင် ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် ပိုးပွှားကာကွယ်ရေးအတွက် အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူ၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သွားလာရခက်ခဲသော ဇိအုံကျေးရွာ၌ အေးချမ်း၊ အောင်မြေနှင့် ဇိအုံကျေးရွာနေ ရွာသူရွာသား များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။