ပုဇွန်တောင် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မနက် ၁၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ဟန်စုယဉ်နှင့် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မြတ်သီရိခိုင်တို့က မျောက်ကျောက်ရောဂါအကြောင်းနှင့် မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ တိရစ္ဆာန်မှတစ်ဆင့် လူကိုမကူးစက်နိုင်ရန် လျှော့ချသင့်သောနည်းလမ်းများ၊ လူအချင်းချင်းကူးစက်နိုင်ချေလျှော့ချရန် နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်မည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများအား On Line မှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ ပြည်သူများအနေဖြင့် သိရှိလိုသည်များအား We love Pazun Daung Facebook pageနှင့် ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageတို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်