Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့တွင် ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 16,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ သိမ်တော်ရပ်၌ ယမန်နေ့က နံနက် ၁၀ နာရီက အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း
Oct 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဝိဝေကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ညနေက ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု(၂၅၀)အား တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Oct 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အတတ်ပညာများပြည်သူလူထုအတွင်းသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဘူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိသောကြောင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ဖြင့် မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး…
Oct 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းအဖွဲ့(၁) စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လည်က မြို့မတဲကြီးကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ ဆိပ်ကမ်းသာစျေးတွင် ပလပ်စတစ်အစားထိုးသုံးစွဲရေး လိုက်လံအသိပညာပေး ဆောင်ရွက်
Oct 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စျေးကော်မတီများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ ပလပ်စတစ်အိတ် သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေသောကြောင့် ပလပ်စတစ်အိတ်အစား အခြားအရာဝတ္ထုများဖြင့်
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမ ပညာရေးမိသားစုတို့ စုပေါင်း၍ တတိယအကြိမ်မြောက် ကထိန်…
Oct 16,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပညာရေးမိသားစုတို့၏ တတိယအကြိမ်မြောက် စုပေါင်း ကထိန်သင်္ကန်း ကပ်လှူခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းဆင်း
Oct 16,2022
ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း PPTT (၈/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15541
Page
15542
Page
15543
Page
15544
Current page
15545
Page
15546
Page
15547
Page
15548
Page
15549
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department