ကော့ကရိတ်မြို့၌လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၅/၂၀၂၆) ဖွင့်

ကော့ကရိတ် ဇန်နဝါရီ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့ အမှတ်( ၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀နာရီက ဖွင့်လှစ်ပို့ချသည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးကြီး အောင်သက်ထွေးက သင်တန်းဖွင့်အမှာစကားနှင့် ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှူး ဦးစောကြည်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်က သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံယူသည်။

သင်တန်းတွင် လူတိုင်းအိမ်တိုင်း​ နေ့စဉ်အသုံးပြုကြသည့် ဆပ်ပြာရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်း လျှော်ရည် ပြုလုပ်နည်းနှင့် ပရုတ်ဆီပြုလုပ်နည်းများကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ   သင်တန်းသူ  ၂၀ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်‌ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်