အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့် ကြက်ဉစသည့် အခြေခံစားကုန် (၅)မျိုးကို မြိတ်တောင်ရပ်ကွက်  မြို့သစ်ရပ် ရတနာသီရိလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ အခြေခံလူတန်းစားများအား သက်သာသောဈေး နှုန်းဖြင့်ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြသည်။
Oct 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ပုံတူပန်းချီပြိုင်ပွဲ၊ သရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာသင်ဆောင်များ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်ရုံး ရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Oct 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန်အတွက် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 19,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဂန့်ဂေါ)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား/ သူများ သိရှိနားလည်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
Oct 19,2022
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစီစဉ်ဖြင့် ရမည်းသင်းမြို့အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့နယ်ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ်ရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဉ၊အာလူးနှင့် ဟင်း သီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့်  ယနေ့နံနက် ၇နာရီခွဲကစ၍ ရမည်းသင်းမြို့၊ ရန်အောင်မြင် ဓမ္မာရုံရှေ့တွင်စတုတ္ထအကြိမ် ရောင်းချပေးလျက်ရှိသည်။
Oct 19,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်​မြေလုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးလိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့် ​ဒေသခံပြည်သူများနှင့် ​တွေ့ဆုံပြီး ပြည်သူလူထု၏ လိုအပ်ချက်များ ​ဆောင်ရွက်​ပေးနိုင်ရန် ယမန်​နေ့က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်​ပေါ်​ကျေးရွာရှိ ​ဒေသခံပြည်သူများအား ​အဆိုပါ ကျေးရွာခန်းမ​ဆောင်၌​ သွား​​​ရောက်​တွေ့ဆုံ ​ဆွေး​နွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ​ဆောင်ရွက်​ပေးခြင်းတို့ကို ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။