အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစား သောက်ကုန်များနှင့် ဟင်းသီးဟင်း ရွက်များကို ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
Oct 19,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစား သောက်ကုန်များနှင့် ဟင်းသီးဟင်း ရွက်များကို ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့လယ်ပိုင်းက ကွင်းတောင်ရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
Oct 19,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ မြတ်ပညာခန်းမ၌ ကျင်းပကြောင်းသိရသည်။
Oct 19,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကို ယနေ့နံနက် (၁၀) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဒုတိယအကြိမ်အဖြစ် သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်အတွင်း ရဟန်း၊ သံဃာများ ဆွမ်းဆန်တော် လုံလောက်မှုရှိစေရန်ရည်ရွယ်၍ ဆွမ်းဆန်တော်(၁၆)အိတ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခဲ့သည်။
Oct 19,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်ခရိုင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကံမမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဝန်ထမ်းများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။