လောင်းလုံး အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်ရုံး ရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဦးနှင့် တပ်ဖွဲ့ဝင်များက လောင်းလုံးမြို့ လျှပ်စစ်ရုံးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ရက်လွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ပြုလုပ်ရသည့်အကြောင်းရာများကို အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်မှုအသီးသီးအား သရုပ်ပြသပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)