ကြံခင်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာသင်ဆောင်များ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုမြို့နယ် ပညာရေးမှူး ဦးဇေမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ ဘက်ရဲမြို့ လျှပ်စစ်ရုံး အငယ်တန်းအင်ဂျင်နီယာ(၂)နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး (အ.ထ.က)ကျောင်း ၉ ကျောင်း၊ (အ.လ.က)ကျောင်း ၁၄ ကျောင်းနှင့် (အ.မ.က) ကျောင်း (၁)ကျောင်းတို့ရှိ စာသင်ဆောင်များ ၏ မီးခလုတ်များ၊ လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားသည့် မီးကြိုးများ ကြံ့ခိုင်မှုအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိသည့် ကန်များ၊ မီးချိတ်၊ မီးကပ်၊ သဲပုံးများ ထားရှိခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ ကျောင်းလုံခြုံရေး အထူးကရုပြု ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာ ကျောင်းများကိုလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)