ဂန့်ဂေါ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ဂန့်ဂေါ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဂန့်ဂေါ)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား/ သူများ သိရှိနားလည်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်လဲ့ရည်လှိုင်က ကျောင်းသား/ သူများ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို သိရှိနားလည်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိ နားလည်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရှိုင်းသူက သဘာဝေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ သူများ၊ ဆရာ/ မများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)