သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံတူပန်းချီပြိုင်ပွဲပြုလုပ်

သံတောင်ကြီး အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် () နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ပုံတူပန်းချီပြိုင်ပွဲ၊ သရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကလေးသူငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ယခုကဲ့ သို့ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး ပုံတူပန်းချီပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား () ဦး၊  သရေကွင်း လက်ဆင့်ကမ်းပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား () ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ