Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(မြောက်)ရပ်ကွက်၊ လူစည်ကားနေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ် တောညုကျေးရွာတွင် အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Oct 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ရုံးဝန်ထမ်းများက အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက တောညုကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန်ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်း၊ ညောင်ကန်အေးသာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်း အနီးရှိရိုးကြီးချောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဒေသအတွင်း အမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ အမျိုးသမီး အိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာ အထကခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ရှိ ပဒုမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တွင်းလမ်းမများနှင့် ရပ်ကွက်လမ်းများတွင် ပြည်သူများနှင့်ယာဥ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရေး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်၊ ပဒုမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15435
Page
15436
Page
15437
Page
15438
Current page
15439
Page
15440
Page
15441
Page
15442
Page
15443
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department