အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်း (စံပါယ်)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 25,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်း(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့် အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဈေးကွက်ဝင် ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
Oct 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ  အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(တပ်နယ်)သို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
Oct 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲ၊ စကားလုံးဆက်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။