ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရည်ရွယ်ချက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/သူများအား ဟောပြောပြီးနောက် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင် ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကိုစနစ်တကျ စွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာပေးအကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲသို့ ရှမ်းရွာသစ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)