ဒေးဒရဲမြို့ရှိ ပဒုမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

ဒေးဒရဲ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တွင်းလမ်းမများနှင့် ရပ်ကွက်လမ်းများတွင် ပြည်သူများနှင့်ယာဥ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရေး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်၊ ပဒုမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ငွေလုံးငွေရင်းဖြင့် အလျား(၄၃၅)ပေ၊ အကျယ် (၁၄)ပေနှင့် ထု (၆)လက်မရှိ ကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကုန်ကျငွေ (၁၄၀) သိန်းဖြင့် စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းလမ်းပေါ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အလျား(၃)ပေ၊ အကျယ် (၁၈)ပေ၊ ထု (၅)လက်မရှိ Box Culvert တစ်စင်းကို ကုန်ကျငွေ (၁၈)သိန်းဖြင့် တည်ဆောက်ပြီးစီးသွားပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးက သိရသည်။

အေဇာလင်း