တပ်ကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်သင်ကြား

တပ်ကုန်း ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂ဝ၂၆)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်း/ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင်  တပ်ကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအနေဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ ဒေသခံပြည်သူ လူထုနှင့် ပရဟိတအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍများ အလွန်အရေးပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေနှင့်လည်း သင်တန်းမှ ဆည်းပူးလေ့လာထားသည့် အသိပညာ၊ အတတ်ပညာ၊ နည်းလမ်းကောင်းများ၊ ဗဟုသုတများနှင့် အတွေ့အကြုံကောင်းများ ပေါင်းစပ်ပြီး မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာများ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် ထိရောက်စွာ ပြန်လည်အသုံးချ၍ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာအောင် အကောင်းဆုံးစီမံဆောင်ရွက်သွားရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့်လိုက်နာရမည့်အချက်များ၊ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်င်စိုးလွင်