နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်း ကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥပြုတ်အာဟာရတိုက်ကျွေး

နောင်ချို ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥပြုတ်အာဟာရ တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် () နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်း၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဉပြုတ်အာဟာရတိုက်ကျွေးခြင်း အခမ်းအနားကို ဇန်နဝါရီလ(၁၄)ရက်နေ့၊ နံနက် () နာရီအချိန်တွင် နောင်ချိုမြို့ အ.လ.က(ခွဲ)ကျောင်း၊ အ.မ.က(၂) ၊ အ.မ.က(၃)၊ အ.မ.က(၄)၊ နန့်ဆောင်ဟူးအ.ထ.က(ခွဲ)ကျောင်း၊ မျက်ချီးနုအ.လ.က(ခွဲ)ကျောင်း၊ နောင်အော မူလတန်းလွန်ကျောင်းနှင့် ပန်လန်းအ.မ.ကကျောင်းများ၌ ပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ် အမှတ်(၁) လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်မင်းသိန်းနှင့် တပ်နယ် အရာရှိများ၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် မြို့နယ်အအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခြေခံပညာ ကျောင်းသား/သူ (၁၃၅၅)ဦးအား နွားနို့ (၁၃၆) ပိဿာနှင့် ကြက်ဥပြုတ်(၁၃၅၅)လုံး အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)