Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှေးဟောင်းအဆောက်အအုံများအား ထုံးသင်္ကန်းကပ်လှူခွင့်လျှောက်ထားလာခြင်းကိစ္စများနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ချမှတ်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေး…
Jan 14,2026
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရုံးရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း/ အမှုထမ်းများနှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များသည် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ထုံးသင်္ကန်း ကပ်လှူခွင့် လျှောက်ထားလာခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ချမှတ်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန် ကျောင်းတွင်းအာဟာရ ကျွေးမွေး
Jan 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧကများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး
Jan 14,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧကများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် အ.ထ.က(ကင်/ချောင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 14,2026
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကင်/ချောင်း)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့၌ လူငယ်အသိပညာပေးဟောပြော၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်
Jan 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ခရိုင်တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက လွတ်လပ်ရေးရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၊ စုဝေးခန်းမတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jan 14,2026
ကျောင်းသားလူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်သာမက အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရန် ရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center (လူထုအခြေပြုဗဟိုဌာန)၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်၊ အ.လ.က(ရေလယ်ကျွန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Jan 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ရေလယ်ကျွန်း)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးစေရေး “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်ပိုင်းအက ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ဇီးတန်းကျေးရွာ၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1522
Page
1523
Page
1524
Page
1525
Current page
1526
Page
1527
Page
1528
Page
1529
Page
1530
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department