Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာ(၆၆)အုပ်စုရှိတောင် သူများအား နေကြာသီးနှံစီမံကိန်း တာဝန်ပေးအပ်ပွဲနှင့်နေကြာသီးနှံမျိုးစေ့ပေးအ…
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးမည့် ကျေးရွာ(၆၆)အုပ်စုရှိ တောင်သူများအား နေကြာသီးနှံစီမံကိန်း တာဝန်ပေးအပ်ပွဲနှင့် နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများဆောင်ရွက…
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ်(၄၂)ဦးနှင့်ကိုယ်ဝန် ဆောင်မိခင်(၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 01,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ ကျေးလက်ဒေသရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှု မရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော် ပွဲ ရေစက်ချအလှူမင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက ဝမ်တာကြန့်ကျေးရွာအုပ်စု၊ နမ့်ကုတ်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
မီးဘေး၊ သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် အိမ်ထောင်စုများအား မြေယာလျော်ကြေးနှင့် စားနပ်ရိက္ခ…
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာ အိမ်ထောင်စုများအတွက် မြေယာလျော်ကြေးနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15267
Page
15268
Page
15269
Page
15270
Current page
15271
Page
15272
Page
15273
Page
15274
Page
15275
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department