Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီတွင် ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းဆောင်ရွက်
Nov 01,2022
ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းခန့်မှန်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းခြင်းကို အောက်တိုဘာ(၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံးကျေးရွာ၊ ကွင်းအမှတ်(၆၂)၊ နားနုံးပါမလုံကွင်း၊ ဦးပိုင်အမှတ်(၇၃) တောင်သူ ဦးအောင်စိုးလွင်၏ (SRI)စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ စိုက်ခင်း ၆.၆ ပေ ပတ်လည်စံကွက် ရိတ်သိမ်းခဲ့ရာ စံကွက်အထွက် နို့ဆီဘူး (၁၃.၃)ဘူး ထွက်ရှိပြီး တစ်ဧက အထွက်တင်း(၁၀၄)တင်း ထွက်ရှိခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီက မိုးစပါးတစ်ဧက တင်း ၁၀၀ ရာနှင့်အထက် ထွက်ရှိရေး ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ)ဦးပိုင်အမှတ် ၅၂/၃၊ စိုက်ဧက ၇ ဧကနှင့် ဒေါ်စန်းမြင့်၏ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ) ဦးပိုင်အမှတ် ၆၀/၄၊ စိုက်ဧက ၅ ဧကတွင် ကျင်းပခဲ့ရာ တောင်သူဦးဝင်းမြင့်ဦး၏ မိုးစပါး တစ်ဧကလျှင် အစို(၁၄၅.၀၆) တင်း၊ အခြောက်(၁၃၀)တင်း၊ တောင်သူဒေါ်စန်းမြင့်၏ မိုးစပါးတစ်ဧကလျှင် အခြောက်(၁၁၇)တင်း ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်ပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်အထက်များအား Covaxin ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၁၅နှစ်မှ ၁၈ နှစ်အထိ ကျောင်းပြင်ပကလေးများအား Sinovac ကာကွယ်ဆေးများကို ၃၁-၁၀-၂၀၂၂ ရက်နေ့ နံနက်၀၉:၀၀ နာရီက အမှတ်(၁၄) ရပ်ကွက်ရှိ၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ စျေးနှုန်းသက်သာစွာဖြင့် ငါးနှင့်ပုဇွန် စားသောက်ကုန်များ ရောင်းချပေးလျက်ရှိ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ငါးနှင့် ပုဇွန်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကိုယမန်နေ့က မြို့မစျေးရှေ့တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကို ယမန်နေ့က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကျင်းပ
Nov 01,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15266
Page
15267
Page
15268
Page
15269
Current page
15270
Page
15271
Page
15272
Page
15273
Page
15274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department