ကျောင်းကုန်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ရေးဝတ်စုံဖြင့် မီးငြှိမ်းသတ်ခြင်း၊ Dry Chemical ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေစိုလေ့ကျင့်ခန့်ဖြင့် မီးငြှိမ်းသတ်ခြင်းကို မီးသတ်ယာဉ်(၂)စီးဖြင့် ဇာတ်တိုက်လေ့ကျင့် မီးငြှိမ်းသတ်ပြခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့ ကြီးကြပ်၍ သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)