သီပေါ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်က မဲဆန္ဒရှင်ပြည်သူ များမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီသီထွေးက မဲရုံများသို့ မဲပေးစက် စနစ်တကျထုတ်ပေးနိုင်ရေးနှင့် မဲရုံများစနစ်တကျ ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတာဝန်ကျရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ရပ်ကွက် (၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စုရှိ မဲရုံ(၄၁)ရုံရှိကြောင်း နှင့်မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၆၄၉၁၄)ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)