ငပုတောမြို့၌ စျေးနှုန်းသက်သာစွာဖြင့်  ငါးနှင့်ပုဇွန် စားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

ငပုတော           နိုဝင်ဘာ     ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌  ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်  ငါးနှင့် ပုဇွန်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကိုယ‌မန်နေ့က  မြို့မစျေးရှေ့တွင် ရောင်းချ ပေးခဲ့ကြောင်း   သိရသည်။

အဆိုပါ ငါးနှင့် ပုဇွန် စားသောက်ကုန်များ ရောင်းချပေးခြင်းကို ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ ကျော့ပုဇွန်  ၃၀  ကျပ်သား တစ်ထုပ်လျှင် ၁၀၀၀ ကျပ် ၊ ငါးသလောက် ၊ ကကတစ်  ၂၅ ကျပ်သား နှစ်ထုပ်  ၅၀၀  ကျပ် ၊ ငါးမြီးတံသွယ် ၊ ငါးဇင်းပြား ၊ ငါးကြားမ ၅၀ ကျပ်သား နှစ်ထုပ်လျှင်  ၅၀၀  ကျပ်ဖြင့်  ဝယ်ယူသူ တစ်ဦးလျှင် တစ်ထုပ်သာ ရောင်းချပေးခဲ့ရာ စုစုပေါင်း ၃၀၀ ပိသာအား သက်သာသော စျေးနှုန်းဖြင့် ပြည်သူများအား  ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ ၊ ငါးလုပ်ငန်းဦးစီးဌာနမှ (တာဝန်ခံ) ဒေါ်ဝင်းဝင်းခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများက အဆိုပါ ငါး၊ ပုဇွန် ရောင်း/ဝယ်နေ မှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ က Mask အခုရေ(  ၅၀၀  ) ခုအား    အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)