ဇလွန် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီက မိုးစပါးတစ်ဧက တင်း ၁၀၀ ရာနှင့်အထက် ထွက်ရှိရေး ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ)ဦးပိုင်အမှတ် ၅၂/၃၊ စိုက်ဧက ၇ ဧကနှင့် ဒေါ်စန်းမြင့်၏ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ) ဦးပိုင်အမှတ် ၆၀/၄၊ စိုက်ဧက ၅ ဧကတွင် ကျင်းပခဲ့ရာ တောင်သူဦးဝင်းမြင့်ဦး၏ မိုးစပါး တစ်ဧကလျှင် အစို(၁၄၅.၀၆) တင်း၊ အခြောက်(၁၃၀)တင်း၊ တောင်သူဒေါ်စန်းမြင့်၏ မိုးစပါးတစ်ဧကလျှင် အခြောက်(၁၁၇)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝေယံ
ဇလွန်(ပြန်/ဆက်)