ပြည် နိုဝင်ဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ချီးမြှင့်ပေးအပ်သည့် ရဲဗလတံဆိပ် ရရှိသူများနှင့် တက်ရောက်လာသော မိသားစုဝင်များအား ဂုဏ်ပြုအားပေး အမှာစကား ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်မိသားစုဝင်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းရည်သတ္တိဆိုင်ရာ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်မိသားစုဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ကိုဆက်