ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း  နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးက မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ၊ ဆောင်းသီးနှံ (နေကြာ)လျာထားချက် ပြည့်မီအောင်စိုက်ပျိုး နိုင်ရေးနှင့် အခြားစိုက်ပျိုးမွေးမြူရေး ကိစ္စရပ်များ၊ ရုံးဌာနအဆောက်အဦများနှင့် ကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးကိစ္စရပ်များကိုလည်းကောင်း၊ အဖွဲ့ဝင်(၂)ဗိုလ်မှူးအောင်မျိုးသူက လုံခြုံရေးကိစ္စရပ် များနှင့် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးခြင်းကို လည်းကောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)