ကျေးသီး ဇန်နဝါရီလ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်၉ နာရီမှစ၍ မြို့နယ်ကော်မရှင်ရုံးတွင် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများကို ကျေးသီးမြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု မဲရုံတာဝန်ခံများအား မြို့နယ်ကော်မရှင်ရုံးမှဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသီးသီးထုတ်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)