လွိုင်လင်မြို့၊ ထင်းရှူးတောသဘာဝရိပ်သာသီလရှင်သင် မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ထင်းရှူးတော သဘာဝရိပ်သာသီလရှင်သင်မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့် စိတ်ဓာတ်ရေးရာခေါင်းစဥ်များဖြင့် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံစေရန် အသိပညာပေးဟောပြောသည်။

ဆက်လက်၍ သုတ၊ ရသ စာအုပ်စာစောင်များပြသခြင်း၊ အသိပညာပေးနံရံကပ်စာ‌စောင်များ ပြသခြင်းနှင့်ကျောင်းသား/သူများ ကိုယ်ကာယကြံ့ခိုင်ရေး ကိုယ်လက်လှုပ်ရှားခြင်းဆိုင်ရာ ဂိမ်းပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)