လွိုင်လင် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်မုံ့မိုင်းမူလွန်ကျောင်းသို့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးသိန်းက စာပေအမျိုးအစားများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာပေလေ့လာဖတ်ရှုပြီး အောင်မြင် ကျော်ကြားသည့် ပုဂ္ဂိုလ်များအကြောင်းနှင့် စာအုပ်စာပေ၏တန်ဖိုးအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းဖြေစေရန်အတွက် ဂိမ်းကစားနည်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နန်းအေးအေးသိန်း