အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကွက်များအတွင်း လှည့်ကင်း၊ပတ်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်မဲပေးပိုင်ခွင့်ရှိသူသူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ဆိုင်းဘုတ်၊ သံလမ်းဆုံအနီး၊ မြင်းခြံ- နွားထိုးကြီး-မြစ်သား-လက်ညိုးထိုးကားလမ်းမပေါ်၌ ဖြန့်ဝေ‌ပေးခဲ့သည်။
Jan 20,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ အ.မ.က-‌ရွှေလီကျောင်း၏ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၉)ရက် နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Jan 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကာလတို၊ ကာလရှည်သီးနှံများစိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 20,2026
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခန်းမ)၌ ကျင်းပပြုလုပ်သည်။
Jan 20,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာမူလတန်းလွန်ကျောင်း(လေးကြီး)၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။