အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊  ပိုင်ကျုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ မိုးနိုင်းကျေးရွာအုပ်စု၊ နိုထို့ဂေကျေးရွာ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။
Jun 05,2025
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန်အတွက် ရည်ရွယ်၍၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က မြန်အောင်ခရိုင် ၊မြန်အောင်မြို့နယ်၊ မြန်အောင်ရေနံမြေတွင် ကျင်းပပြုလုပ်သည်။
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်ကြည့်ရှုခဲ့ကြသည်။
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်၌ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) ကျောင်းရှေ့လမ်းမကြီးတွင်စောင့်ဆိုင်း၍ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅)ရက် နံနက် (၈)နာရီက စုပေါင်းရုံးအနီးကွင်းပြင်၌ ကျင်းပသည်။
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ (၅)ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အ.မ.က (၆) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက မိုးရာသီသစ်ပင်များကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။
Jun 05,2025
မတ်လ(၂၈)ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။