Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်
Jun 05,2025
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ မင်းရဲဆည်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေး နှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြော
Jun 05,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး ပေါင်း၍ ဇွန်လ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် သီရိမာလာရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ နှင့်ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌၊ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့်ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှိုးဆော်အသိပေးခြင်းအား သက်ဆိုင်ရာဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ဧရာဝတီမြစ်ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစု သား၊ သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Jun 05,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုဝင် သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်မှုအား လေ့လာကြည့်ရှု
Jun 05,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ လူမှုကူညီရေးအသင်းအဖွဲ့များအား အရေးပေါ်ကယ်ဆယ်ရေး ရေပြင်/မြေပြင် အသက်ကယ်သင်တန်းဖွင့်ပွဲကျင်းပ
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီနှင့်၊ Emergency Medical Services (Myanmar) အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များအား အရေးပေါ်ကယ်ဆယ်ရေးရေပြင်/မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ လူငယ်စင်တာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1475
Page
1476
Page
1477
Page
1478
Current page
1479
Page
1480
Page
1481
Page
1482
Page
1483
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department