ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၄) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အားကစားခန်းမသစ်၌ ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှမဲရုံမှူးများ၊ဒုတိယ မဲရုံမှူးများနှင့် တွေ့ဆုံပွဲကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသီဟန်စီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ မဲရုံထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊  မဲပေးစက်များ စနစ်တကျကိုင်တွယ်တပ်ဆင်ရေးအတွက် လိုအပ်သည့်လမ်းညွှန်မှုများ မှာကြားဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များနှင့် သိရှိလိုသည်များအား အကြံပြုဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင်