ရေဦး ဇန်နဝါရီ ၂၁
ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံအကြောင်း သိရှိကြစေရန်နှင့် အရောင်များမှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် Community Centre တွင် ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် ၁၀:၀၀ နာရီက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းရှင်းလင်းပြောကြားပြီး ဦးသန်းထိုက် ဓါတ်ပုံကျွမ်းကျင်-၂ က အရောင်မှန်ကန်စွာရွေးချယ်ပုံနှင့် ဆေးရောင်ခြယ်ရာတွင် သေသပ်စွာခြယ်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၂၇) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)