Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်လေးပင်မြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Jan 21,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများအား အမှန်တကယ်ရောင်းချမှုရှိ/မရှိကို ယမန်နေ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ Foundation ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 21,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ Foundation ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေလျက်ရှိ
Jan 21,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ၂၀၂၅ ခုနှစ် မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ ရေပေးဝေမှုရပ်ဆိုင်းထားရာမှ ၂၀၂၆ ခုနှစ် နွေစပါးများစိုက်ပျိုးရန်နှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်မည့် မန်းရွှေစက်တော်ဗုဒ္ဓပါဒပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအမီ ယမန်နေ့ နံနက် ၆ နာရီမှစ၍ ဆည်ရေ (၂၅၀-ကုဗပေ/စက္ကန့်) စတင်ရေလွှတ် ပေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် မြစ်သာနဒီစာဖတ်ဝိုင်း၏ ယောသမိုင်း၊ ယောဓလေ့အကြောင်းဆွေးနွေးပွဲ ကျင်းပ
Jan 21,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြစ်သာနဒီစာဖတ်ဝိုင်း၏ ယောသမိုင်း၊ ယောဓလေ့အကြောင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပေးလှုံဆော်မှု လက်ကမ်းစာစောင်ဖြန့်ဝေ
Jan 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပေးလှုံ့ဆော်မှု လက်ကမ်းစာစောင်အား ယနေ့နံနက်(၁၀)နာရီ၌ ဖယ်ခုံမြို့၊ မြို့မဈေးဆိုင်ခန်း၊ ဌာနဆိုင်ရာများနှင့် ဈေးလမ်းမတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jan 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျခမ်းဆောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးနယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉)နာရီက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1461
Page
1462
Page
1463
Page
1464
Current page
1465
Page
1466
Page
1467
Page
1468
Page
1469
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department