ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၇

ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊ နဝရတ်အားကစားခန်းမတွင်ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘော်လီဘောအသင်း ဗိုလ်လုပွဲနှင့် အမျိုးသမီး အသင်းဘော်လီဘောအသင်း  ဗိုလ်လုပွဲ စဉ်များကိုယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများတစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက်ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီးအသင်းလိုက် ပထမ၊ဒုတိယနှင့် တတိယရရှိသည့်အသင်းများများကို ဆုဖလား၊လည်ဆွဲဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)