ညောင်ဦးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးကျင်းပ

ညောင်ဦး  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ပြီးနောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်သည့်ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြကာ မြို့နယ်ကလေး သူငယ်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ